Please Create Manage Your Booking

AIR KBZ လေကြောင်းလိုင်းမှ အသစ်ဝယ်ယူသော ATR 72-600 လေယာဉ်သစ်တစ်စီး ထပ်မံရောက်ရှိ

Thu, 09/01/2016 - 15:17

AIR KBZ လေကြောင်းလိုင်းသည် ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန်အတွက် အသစ်ထပ်မံဝယ်ယူသော

ATR 72-600 အမျိုးအစား လေယာဉ်အမှတ် XY-AMF (MSN 1333) သည် ပြင်သစ်နိုင်ငံမှ တဆင့် Ferry Flight ဖြင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (1-9-2016)ရက် ( 00:45) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ AIR KBZ လေကြောင်းလိုင်းသည်

ယခုရောက်ရှိသော ART 72-600 လေယာဉ်(1)စင်းအပါအ၀င် ATR 72-600 (5)စင်း၊ ATR 72-500 (3)စင်း စုစုပေါင်း လေယာဉ်(8)စင်းဖြင့်

ပြည်တွင်းခရီးစဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေပြု၍ မြစ်ကြီးနား၊ကလေး၊မန္တလေး၊ ညောင်ဦး၊ဟဲဟိုး၊ လားရှိုး၊

ထားဝယ်၊မြိတ်၊ ကော့သောင်း၊ စစ်တွေ၊ သံတွဲ၊ နေပြည်တော်၊လွိုင်ကော်မြို့များသို့ နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိပါသည်။

(2-11-2016)ရက်မှ စတင်၍ အရှေ့တောင်အာရှ ဒေသတွင်းပြည်ပခရီးစဉ် တစ်ခုအဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်အား

တစ်ပတ်လျှင် (3)ရက် ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိပါသည်။