ATR 72-600 လေယာဉ်သစ် (1) စီးထပ်မံရောက်ရှိ

Wed, 06/03/2015 - 11:06

AIR KBZ လေကြောင်းလိုင်းမှ ပြည်တွင်းပြည်ပ လေကြောင်း ခရီးစဉ်များ တိုးချဲ့ ပျံသန်းနိုင်ရန်အတွက် ထပ်မံဝယ်ယူခဲ့သော ATR 72-600 လေယာဉ်အမှတ် XY-AMA MSN1162  သည် ဒိန်းမတ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့

(2.6.2015) ရက် ည(203း5)အချိန်တွင် ရောက်ရှိလာခဲ့ပါသည်။ AIR KBZ လေကြောင်းလိုင်းတွင် ယခု ATR72-600 လေယာဉ်သစ် (1)စီးအပါအ၀င် ATR 72-600 လေယာဉ် (4)စီး၊ ATR 72-500 လေယာဉ် (5)စီး စုစုပေါင်းလေယာဉ် (9)စီးဖြင့်

ပြည်တွင်းလေကြောင်းခရီးစဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေပြု ၍ နေပြည်တော်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ ကလေး၊ မြစ်ကြီးနား၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊မြိတ်၊ ကော့သောင်းမြို့များသို့ နေ့စဉ်အချိန်မှန်

ပျံသန်းပေးလျက်ရှိပါသည်။ (1.8.2015)ရက်နေ့မှစ၍ ပြည်ပခရီးစဉ်အဖြစ် ချင်းမိုင် ခရီးစဉ်ကိုလည်း တိုးချဲ့ပျံသန်းပေးသွားမည်ဖြစ်ပါသည်။